University of Computer Studies, Hinthada
Menu
  • Home
    • About Us
    • Campus Facilities
    • Organization Chart
  • Academic
    • Admission
      • Admission Requirements
      • Academic Calendar
      • Admission Fees
      • Academic Credit Unit
    • courses & Syllabuses
      • B.C.Sc Courses
      • B.C.Tech Courses
    • Moodle Learning Management System
  • Faculities & Staff
    • Prorector
    • Academic
      • Faculty of Computer Science
      • Faculty of Computer System and Technology
      • Faculty of Information Science
      • Faculty of Computing
      • Department of Information Technology Supporting and Maintenance
      • Department of Language
      • Department of Natural Science
    • Administration
      • Department of Student Affairs
      • Department of Staff Affairs
      • Department of Finance
  • Research
    • Pest and Diseases Detection System
  • Library
    • Library Management System
  • News & Activities
    • News
    • Activities
    • Donation
  • Contact
    • Contact us
    • Alumni
    • FAQs
Menu

၇၅နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ရှိ မဟော်သဓာ (၄)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

Posted on December 21, 2022December 23, 2022 by admin

            ၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ရှိ မဟော်သဓာ (၄)ထပ်   ကျောင်းဆောင်သစ်  ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ရက်နေ့ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

           အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ စက်ခလုတ်နှိပ် ဖွင့်လှစ်၍ ကျောင်းဆောင်သစ်ကမည်းမော်ကွန်းအား အမွှေးနံသာရည်များ ပက်ဖြန်းခဲ့ကြပါသည်။ ထို့နောက် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လမ်းညွှန် မှာကြားခဲ့ပါသည်။

             ဒုတိယပိုင်းအစီအစဥ်အနေဖြင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ရွှေဝါထွန်းခန်းမတွင် ဝန်ကြီးချုပ်မှ ကျောင်းဆောင်သစ်ဖွင့်ပွဲအမှာစကားပြောကြားပြီး၊ ခိုင်ရတီကုမဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းဝဏ အဆောက်အအုံဆိုင်ရာအချက်အလက်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောကချုပ် ဒေါက်တာထွန်းမြတ်အောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများမှ ပဒေသာကပွဲဖြင့် ဧည့်ခံဖျော်ဖြေခဲ့ ပါသည်။

             ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ ရှိ ဆံတောင်ရှင်မြတ်မော်တင်စေတီတော်၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ရေးနှင့် ဘက်စုံပြုပြင်ထိန်းသိမ်းရေးအတွက် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ဆရာ၊ဆရာမများ ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများမှ အလှူငွေ ငါးသိန်းကျပ်တိတိကို ကွန်ပျူတာတက္ကသိုလ်မိသားစုကိုယ်စား ဒုတိယပါမောကချုပ် ဒေါက်တာထွန်းမြတ်အောင်မှ လည်းကောင်း၊ ခိုင်ရတီကုမဏီမှ ငွေကျပ် သုံးသိန်းတိတိ ကို ဦးမင်းဝဏ မှ လည်းကောင်း ဝန်ကြီးချုပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။

Please follow and like us:

Recent News

  • အာစရိယပူဇော်ပွဲကျင်းပခြင်း
  • ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် မီးဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာပညာပေးဟောပြောပွဲကျင်းပခြင်း
  • (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်စာစီစာကုံး၊ကဗျာထူးချွန်ဆုပေးပွဲနှင့် လူငယ်စကားဝိုင်းအခမ်းအနားကျင်းပခြင်း
  • (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) မိသားစုမှ သွေးလှူဒါန်းပွဲ ကျင်းပခြင်း
  • ၇၅နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ရှိ မဟော်သဓာ (၄)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
April 2023
M T W T F S S
« Feb    
 12
3456789
10111213141516
17181920212223
24252627282930

Contact Us

No.28, Kayin Kyaung Street,  TarNgar Se (South)Quarter, Hinthada Township, Ayeyarwaddy Region, Myanmar. Postcode – 100601

+95  044 22725, 09783543901

cu.hinthada@gmail.com

Like Us On Facebook

Facebook Pagelike Widget
©2023 University of Computer Studies, Hinthada