စင်ကာပူသမ္မတနိုင်ငံ၊ Temasek Foundation နှင့် National University of Singapore တို့မှ ကြီးမှူး၍ (၃၀-၅-၂၀၂၂) ရက်နေ့မှ (၃-၆-၂၀၂၂) ရက်နေ့အထိ online ဖြင့်ကျင်းပမည့် Temasek Foundation – NUS STEP Brain Camp သို့ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ (၆) ဦး နှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမ (၁) ဦး တို့ ပါဝင်တတ်ရောက်နိုင်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စား သော ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများသည် သင်တန်းရေးရာဌာနသို့ (၁-၃-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ စုံစမ်း မေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ Please follow…
Day: February 27, 2022
“အိုဇုန်းလွှာထိန်းသိမ်းရေးမှသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆီသို့” (Ozone 2 Climate Art Contest) ခေါင်းစဥ်ဖြင့် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အနုပညာပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေးအတွက် အသိပေးကြေငြာခြင်း
အဆိုပါ အနုပညာပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစား (၆) မျိုးတွင် ကိုယ်စားပြုပါဝင် ယှဥ် ပြိုင်နိုင်ရေးအတွက် နိုင်ငံအဆင့်အနုပညာပြိုင်ပွဲကျင်းပကာ ဆုရရှိသူများအား ရွေးချယ်၍ ဒေသတွင်းအနုပညာပြိုင်ပွဲတွင် ပါဝင် ယှဥ်ပြိုင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ (က) ဓါတ်ပုံပြိုင်ပွဲ (လူငယ်၊ အလွတ်တန်း)- ကင်မရာဖြင့်ရိုက်ကူးထားသောပုံများ (ခ) ပန်းချီပြိုင်ပွဲ (လူငယ်၊ အလွတ်တန်း) – (ခဲ၊ ရောင်စုံ၊ ရေဆေး၊ ဆီဆေး) ပန်းချီများ၊ ကွန်ပျူတာပန်းချီ၊ 2-dimensional hand-made arts (ဂ) ဂရပ်ဖစ်ဒီဇိုင်းပြိုင်ပွဲ (လူငယ်၊ အလွတ်တန်း) – ကွန်ပျူတာ/ မိုဘိုင်းဖုန်း application ဖြင့်ဆွဲထားသော ဒီဇိုင်းများ သို့ဖြစ်ပါ၍ နိုင်ငံအဆင့်အနုပညာပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်လိုသော ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများအနေ ဖြင့်သင်တန်းရေးရာဌာနသို့ စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။…