အဆိုပါ အနုပညာပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစား (၆) မျိုးတွင် ကိုယ်စားပြုပါဝင် ယှဥ် ပြိုင်နိုင်ရေးအတွက် နိုင်ငံအဆင့်အနုပညာပြိုင်ပွဲကျင်းပကာ ဆုရရှိသူများအား ရွေးချယ်၍ ဒေသတွင်းအနုပညာပြိုင်ပွဲတွင် ပါဝင် ယှဥ်ပြိုင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
(က) ဓါတ်ပုံပြိုင်ပွဲ (လူငယ်၊ အလွတ်တန်း)- ကင်မရာဖြင့်ရိုက်ကူးထားသောပုံများ
(ခ) ပန်းချီပြိုင်ပွဲ (လူငယ်၊ အလွတ်တန်း) – (ခဲ၊ ရောင်စုံ၊ ရေဆေး၊ ဆီဆေး) ပန်းချီများ၊ ကွန်ပျူတာပန်းချီ၊ 2-dimensional hand-made arts
(ဂ) ဂရပ်ဖစ်ဒီဇိုင်းပြိုင်ပွဲ (လူငယ်၊ အလွတ်တန်း) - ကွန်ပျူတာ/ မိုဘိုင်းဖုန်း application ဖြင့်ဆွဲထားသော ဒီဇိုင်းများ
သို့ဖြစ်ပါ၍ နိုင်ငံအဆင့်အနုပညာပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်လိုသော ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများအနေ ဖြင့်သင်တန်းရေးရာဌာနသို့ စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။