(၃.၁၂.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့၊ နေ့လယ်(၁း၀၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာမိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ပထမနှစ်ဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်မိတ်ဆက် အမှာစကားပြောကြားပြီး၊ သင်ကြားရေးဌာနမှူးအသီးသီးက ၎င်းတို့ဌာနမှ သင်ကြားရသော ဘာသာရပ်များနှင့် အသုံးဝင်မှု၊ ရည်ရွယ်ချက်များ၊ သင်ကြားရေးနှင့် Learning Assessment ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းရေးရာဌာနမှူးက တက္ကသိုလ်၏ Rules and Regulations များကို ပြောကြားခဲ့ပါ သည်။ အဆိုပါအခမ်းအနားကို ညနေ(၄း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။



