ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
၁။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံဘွဲ့(B.C.Sc.) သင်တန်းနှင့် ကွန်ပျူတာနည်းပညာဘွဲ့(B.C.Tech.)သင်တန်း စာမေးပွဲအောင်မြင်သူများအတွက် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် (၁၁-၁-၂၀၂၅)ရက်၊ (စနေနေ့) အစမ်းလေ့ကျင့်ပွဲနှင့် (၁၂-၁-၂၀၂၅)ရက်၊ (တနင်္ဂနွေနေ့)တွင် ဘွဲ့နှင်းသဘင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
၂။ ဘွဲ့နှင်းသဘင်လျှောက်လွှာ လျှောက်ထားလိုသူများသည် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) တွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် (၃)လအတွင်း ရိုက်ကူးထားသော (၁ ၁/၂" x ၂") အရွယ် ဓါတ်ပုံ(၃)ပုံ ပူးတွဲ၍ ဘွဲ့နှင်းသဘင်တက်ရောက်ရန် (သို့မဟုတ်) အဝေးရောက်ယူရန်ဟု ထင်ရှားစွာ ဖော်ပြလျှက်၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ( ၂၇ )ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
၃။ ဘွဲ့နှင်းသဘင်ကြေးမှာ တက်ရောက်ဘွဲ့ ၁၅၀၀ိ/-(ကျပ်တစ်ထောင့်ငါးရာကျပ်တိတိ)၊ အဝေးရောက်ဘွဲ့ ၁၀၀၀ိ/-(ကျပ်တစ်ထောင်တိတိ)ကို ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ငွေစာရင်းဌာနတွင် ပေးသွင်း ရမည်။
၄။ တက်ရောက်ဘွဲ့လျှောက်ထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ရန်ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ်များကို အဝေးရောက်ဘွဲ့လက်မှတ်များ ထုတ်ပေးသည့်အချိန်မှသာ ထုတ်ပေးမည်ဖြစ်ပါသည်။
၅။ ဘွဲ့နှင်းသဘင်ကျင်းပသည့်အသေးစိတ်အစီအစဥ်ကို ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) သင်တန်းရေးရာ ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ်(၀၉-၇၈၃၅၄၃၉၀၃) သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဘွဲ့နှင်းသဘင်ကျင်းပရေးကော်မတီ
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)