ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ကွန်ပျူတာတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၁၄ရက်နေ့ နံနက် ၉ နာရီမှစတင်၍ အဆိုပါတက္ကသိုလ် ရွှေဝါထွန်းခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခ ချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် "ယနေ့ခေတ်သည် ပညာခေတ် ၊ နည်းပညာအသုံးချသည့် ခေတ်ဖြစ်သည့်အားလျော်စွာ ကွန်ပျူတာ ပညာရပ်သည် လူမူ့ဘဝတစ်လျောက်လုံး အတွက် အရေးပါကြောင်း ၊မောင်မယ်တို့အနေဖြင့် ဘဝရည်မှန်းချက်ပန်းတိုင်ကိုအောင်မြင်စွာ ဖြတ်သန်းကြပြီး နောင်တစ်ချိန်တွင်မိမိဘဝကောင်းကျိုး ၊ပတ်ဝန်းကျင် ကောင်းကျိုးနှင့် အမိမြန်မာနိုင်တော်ကြီး၏ ကောင်းကျိုးများကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သည့် အဆင့်မြင့် ကွန်ပျူတာပညာရှင် လူငယ်မောင်မယ်များ ဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း "တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူဟောင်းများ ကိုယ်စား စတုထ္တနှစ် ကွန်ပျူတာသိပ္ပံ မှ မောင်ဇင်မင်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက်ကျောင်းသားကျောင်းသူများက အဆို အက အတီးများဖြင့် ဖျော်ဖြေရေး အစီအစဥ်များဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြသည်။ နေ့လည်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Princess အဖြစ် မဝသုန်ဝင့်သူကိုလည်းကောင်း၊ Prince အဖြစ် မောင်ဟန်ထူးဇော်ကိုလည်းကောင်း ၊ King အဖြစ် မောင်သီဟသတ္တိကိုလည်းကောင်း၊ Queen အဖြစ် မရွှေစင်မြင့်မြတ်ဦးတို့ကိုလည်ကောင်း ဘုတ်တင်စနစ်ဖြင့် ရွေးချယ်ခဲ့ကြပြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာထွန်းမြတ်အောင်နှင့် တာဝန် ရှိသူများက စလွယ်နှင့် အဆောင်အယောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို အနုပညာအသင်း ဥက္ကဌ ဒေါက်တာချယ်ရီထွန်းနှင့် သင်တန်းနှစ်များအလိုက် ထူးချွန်ဆု ရရှိကြသူများကို တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယနေ့အထိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦးနှင့် ပထမနှစ်မှ ပဥ္စမနှစ်ထိ စုစုပေါင်း ၄၄၃ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။



