၁။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် (၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်) ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်းသို့ တက်ရောက်နေ သော ကျောင်းသား၊ ကျောင်းသူ (၁၇)ဦးအား ပညာသင်ထောက်ပံ့ကြေးဆု တစ်လလျှင် ၃၀၀၀၀ိ/-(သုံးသောင်း ကျပ်) ဖြင့် (၁၀လ)ကို စိစစ်ရွေးချယ်မည် ဖြစ်ပါသည်။
၂။ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများသည် ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာကို ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ကျောင်သား ရေးရာဌာနတွင် ကိုယ်တိုင် လာရောက်ထုတ်ယူ၍ (၂၅.၁၁.၂၀၂၂)ရက်၊ သောကြာနေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
ပူးတွဲတင်ပြရမည့်အချက်များ
(၁) လိုင်စင်ဓါတ်ပုံ(၃)ပုံ၊မိသားစုဓါတ်ပုံနှင့်နေအိမ်ဓါတ်ပုံ
(၂) မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ
(၃) ပညာသင်ဆုလျှောက်ထားသော အခြားအဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်များ
(၄) မိမိကိုယ်တိုင်ပညာသင်ထောက်ပံ့ကြေးလျှောက်ထားခြင်းအကြောင်း ရှင်းလင်းတင်ပြချက်(ကိုယ်တိုင်လက်ရေးဖြင့်)
(၅) ကျောင်းစာပြင်ပလှုပ်ရှားမှုနှင့်အောင်မြင်မှုများ(အထောက်အထားမိတ္တူ)
(၆) ဘဝရည်မှန်းချက်(ကိုယ်တိုင်လက်ရေးဖြင့်)
မှတ်ချက်။ အသေးစိတ်သိရှိလိုပါက ကျောင်းသားရေးရာဌာန (၀၉-၇၈၃၅၄၃၉၀၃)သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပညာသင်ထောက်ပံ့ကြေးပေးရေးသဘောထားမူများ
၁။မိဘနှစ်ဦးနှင့် မိမိကိုယ်တိုင် သုံးဦးစလုံး တိုင်းရင်းသား/နိုင်ငံသားဖြစ်ရမည်။
၂။ဆင်းရဲနွမ်းပါးသဖြင့်တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားရန် အခက်အခဲရှိသူဖြစ်ရ မည်။
၃။ဆင်ရဲနွမ်းပါးသည့် အခြေအနေချင်းတူလျှင် ပညာတော်သူကို ဦးစားပေး စဥ်းစားမည်။
၄။စာမေးပွဲကျရှုံးလျှင် ပညာသင်ထောက်ပံ့ကြေးကို ရပ်ဆိုင်းခြင်းခံရမည်။
၅။စာမေးပွဲပြန်လည်အောင်မြင်ပါကပညာသင်ထောက်ပံ့ကြေးကိုပြန်လည်လျှောက်ထားခွင့်ရှိသည်။
၆။တက္ကသိုလ်/ ကောလိပ် ပြောင်းရွှေ့သင်ကြားလျှင် မူအခြေအနေသစ်အရ ပြန်လည် စဥ်းစားမည်။
၇။ပညာသင်ထောက်ပံ့ကြေးကို မိသားစုတစ်အိမ်ထောင်လျှင် တစ်ဦးသာ ခံစားခွင့်ရှိပါ သည်။
၈။ပညာသင်ထောက်ပံ့ကြေးရရှိသူများသည် အကျင့်စာရိတ္တပျက်ပြားမှုများ ပြုလုပ်ကျူး လွန်မိလျှင် ထောက်ပံ့ကြေးကို ရပ်ဆိုင်းမည်။
၉။ကျောင်းနှင့် ကျောင်းဆောင် စည်းကမ်းများ ဖောက်ဖျက်၍ ပြစ်ဒဏ်ပေးခြင်း ခံရလျှင် ပညာသင်ထောက်ပံ့ကြေးကို ရပ်ဆိုင်းမည်။
၁၀။အကယ်၍ ပညာသင်ထောက်ပံ့ကြေးရရှိပြီး ၄င်းထောက်ပံ့ကြေးကို ဆက်လက်၍ ပေးရန် မလိုသည့်အချက်အလက်များ တွေ့ရှိပါက ရပ်ဆိုင်းမည်။
၁၁။ပညာသင်ထောက်ပံ့ကြေး ရရှိသူသည် သင်တန်းပြီးဆုံးသောအချိန်၌ နိုင်ငံတော်က အလိုရှိလျှင် အမှုထမ်းပါမည်ဟု ကတိခံဝန်ချက် လက်မှတ်ရေးထိုးရမည်။
၁၂။ပညာသင်ထောက်ပံ့ကြေးရသူများအတွက် ပြဌာန်းထားသော ဝန်ခံချက်ကို ကတိပြု လက်မှတ်ရေးထိုးရမည်။
၁၃။ပညာသင်ထောက်ပံ့ကြေး စိစစ်ရေးအဖွဲ့က အိမ်တိုင်ရာရောက် ကွင်းဆင်း စစ်ဆေးမှု အရ ဆောင်ရွက်မည်။