ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ Thai Nguyen University of Technology-TNUTမှ နိုင်ငံတကာ ကျောင်း သားများအတွက် ဘွဲ့ကြိုပညာသင်ဆု ၂၁ဆု၊ မဟာဘွဲ့ပညာသင်ဆု ၇ဆု၊ ပါရဂူဘွဲ့ပညာသင်ဆု ၄ဆု တို့အား ပေးအပ်မည် ဖြစ်ပါ သည်။ အဆိုပါတက္ကသိုလ်သည် ဗီယက်နမ်နိုင်ငံရှိ သက်တမ်းအရင့်ဆုံး အင်ဂျင်နီယာတက္ကသိုလ်များအနက်တခုဖြစ်ပြီး၊ နိုင်ငံတ ကာကျောင်းများနှင့် ပူးပေါင်း၍ နည်းပညာများကို လွှဲပြောင်းခြင်း၊ အသုံးချခြင်း၊ ဆွေးနွေးခြင်း၊ သုတေသနပြုလုပ်ခြင်း စသည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွက်လာစေရေး ဆောင်ရွက်လျှက်ရှိပါသည်။ သို့ဖြစ်ပါ၍အဆိုပါ ပညာသင် ဆုများကို စိတ်ပါဝင်စားပြီး ဘာသာရပ်ဆိုင်ရာလုပ်ငန်းတာဝန်များနှင့် ကိုက်ညီသည့် လျှောက်ထားလိုသူများသည် သင်တန်းရေး ရာဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
Please follow and like us: