(၇၈)ကြိမ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ကျောင်းရှေ့မြက်ခင်းပြင်တွင် ထမနဲထိုးပြိုင်ပွဲနှင့် စျေးရောင်းပွဲတော်ကို (၇.၂.၂၀၂၅) ရက်နေ့၊ သောကြာနေ့တွင် ကျင်းပပြုလုပ်ရာ သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စည်စည်ကားကား၊ သိုက်သိုက်မြိုက်မြိုက်၊ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြပါသည်။ ထမနဲထိုး ပြိုင်ပွဲအပြီး၌ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ထမနဲထိုးပြိုင်ပွဲနှင့် စျေးရောင်းပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အမှာစကားပြောကြားပြီး၊ ဆုရရှိသော သင်တန်းနှစ်အသီးသီးကို ဒုတိယ ပါမောက္ခချုပ်နှင့် ဌာနမှူးများက ဆုများချီးမြှင့်ခဲ့ပါသည်။ တတိယဆုကို စတုတ္ထနှစ်သင်တန်းမှလည်းကောင်း၊ ဒုတိယဆုကို ဒုတိယနှစ်သင်တန်းမှလည်းကောင်း၊ ပထမဆုကို ပထမနှစ်သင်တန်းမှလည်းကောင်း အသီးသီး ရရှိကြပြီး၊ သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက ဈေးရောင်းပွဲတော်အား စည်စည် ကားကား ဆက်လက်ကျင်းပခဲ့ပါသည်။ Please follow and…