ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ် ၌ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ) ကျောင်းတွင် ယာဥ် စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းသိကောင်းစရာ ဟောပြောပွဲအခမ်းအနား ကို မေလ (၂၅)ရက်နေ့ မွန်းလွဲ ၂ နာရီ ခွဲအချိန် ကအဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင် က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ကျောင်းရှိ ဆရာ/ဆရာမများ ၊ ကျောင်းသားကျောင်းသူများ ယာဥ်အန္တရာယ် ၊ လမ်း အန္တရာယ် များကင်းဝေးစေရန် ၊ယာဥ်စည်းကမ်း ၊ လမ်းစည်းကမ်းများ စနစ်တကျနားလည်သိရှိလိုက်နာကြရန် ရည်ရွယ်၍ ပြု လုပ်ကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အမှတ် (၈၄) ယာဥ်ထိန်း တပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး သက်နိုင်ဦး နှင့် ဟင်္သာတခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူ ဦးစီးဌာနရုံးမှ စစ်ဆေးရေးမှူး ဦးကျော်ဇေယျာထွန်း တို့က ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ နှင့် ပတ်သက်သော ဆောင်ရန် ၊ရှောင်ရန် အချက်များ ယာဥ်မောင်းသူများ လိုက်နာရန်စည်းကမ်းချက်များ၊ လမ်းလျှောက်သူများလိုက်နာရန် စည်းကမ်းများကိုလည်းကောင်း ၊ မော်တော်ဆိုင်ကယ် စီးနင်းရာတွင် လိုက်နာရမည့် သိကောင်း စရာများကို လည်းကောင်းပြစ်မှု ၊ ပြစ်ဒဏ်များကိုလည်းကောင်း အကျယ်တဝံ့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရ သည်။
အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၏ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဘာသာရပ် ဆိုင်ရာ ဆရာဆရာမများ ၊ဝန်ထမ်းများ ၊ ကျောင်းသားကျောင်းသူများ က စိတ်ပါဝင်စားစွာ တက်ရောက် နားထောင်ခဲ့ကြကြောင်း သိရသည်။