ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ် ၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်းတွင် ဥပဒေ အကြောင်းသိကောင်းစရာ ဟောပြောပွဲအခမ်းအနား ကို မေလ (၁၈) ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ကအဆိုပါကျောင်း ရွှေဝါထွန်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီးနောက် ခရိုင်ဥပဒေအရာရှိ ဒေါ်မြင့်မှုက တက်ရောက်လာသော ဆရာဆရာမများ၊ ဝန်ထမ်းများ ၊ကျောင်းသားကျောင်းသူများ အတွက် ယနေ့တည်ဆဲ ဥပဒေများအရ ဆောင်ရန်ရှောင်ရန် အချက်များ၊ ဖြစ်ပွားတတ်သော မှုခင်း များ၊ လူငယ်နှင့် မူးယစ်ဆေး အကြောင်းများ ၊ လူကုန်ကူးမှု ဖြစ်ပွားစေသော အကြောင်းများ နှင့် ဥပဒေဆိုင်ရာ သိကောင်းစရာ များကို အကျယ်တဝံ့ ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသော ဥပဒေဆိုင်ရာ မေး ခွန်းများကို အပြန် အလှန် ပြန်လည် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဘာသာရပ် ဆိုင်ရာ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကျန်းမာရေးဝန်ကြီး ဌာနက သတ်မှတ်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။