University of Computer Studies, Hinthada
Menu
  • Home
    • About Us
    • Organization Chart
    • Campus Facilities
      • Laboratories
      • Library
      • Sports
      • Traditional Events
      • Supporting
    • Academic
      • Admission
        • Admission Requirements
        • Academic Calendar
        • Admission Fees
        • Academic Credit Unit
      • courses & Syllabuses
        • 5 years Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • 4 Year Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • D.C.Sc
      • Academic Calendar
        • 2026-2027
      • Moodle Learning Management System
  • Faculities & Staff
    • Vice Rector
    • Academic
      • Faculty of Computer Science
      • Faculty of Computer Systems and Technologies
      • Faculty of Information Science
      • Faculty of Computing
      • Department of Information Technology Supporting and Maintenance
      • Department of Language
      • Department of Natural Science
    • Administration
      • Department of Student Affairs
      • Department of Staff Affairs
      • Department of Finance
  • University Journal
    • Home
    • Journal Publication
      • 2024 Vol. 1
      • 2025 Vol. 2
  • Research
    • Pest and Diseases Detection System
  • e-service
    • Grading Information System
    • Student Registration System
    • Class Timetable System
  • News & Activities
    • News
    • Activities
    • Donation
  • Contact
    • Contact us
    • Alumni
    • FAQs
Menu

Category: Uncategorized

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း

Posted on June 10, 2026June 10, 2026 by admin

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ များနှင့် ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်‌အောင်က ဟင်္သာတခရိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ (၁၀.၆.၂၀၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဟင်္သာတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါ်မေသန္တာဦးဆောင်သော အဖွဲ့ဝင်(၈)ဦးက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံပေးပြီး၊ ကျောင်းဝင်းအတွင်း၌ မိုးရာသီ‌သွေးလွန် တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေကန်များ၊ ရေမြောင်းများ၌ အဘိတ်ဆေးခတ်ခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လာရောက်ဆောင်ရွက်ပေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်း(၅၀)ဦး လာရောက်ကာကွယ်ဆေးထိုးနှံကြပါသည်။ Please follow and like us:

အချိန်မီ ကျောင်းအပ်၊ကျောင်းတက်နိုင်ရန် ကြေငြာခြင်း

Posted on May 31, 2026May 31, 2026 by admin

      ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော (၂၀၂၅-၂၀၂၆ )(၂၀၂၆-၂၀၂၇) ပညာသင်နှစ်များ၏ သင်တန်းများ အားလုံးကို (၁.၆.၂၀၂၆) ရက် တနင်္လာနေ့မှ စတင်၍ ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်းကြေငြာအပ်ပါသည်။ အတန်းလိုက် အချိန်ဇယာများကို timetable.ucsh.edu.mm တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ Please follow and like us:

ဆိုင်ခန်းငှားရမ်းခြင်းလုပ်ငန်းအတွက်ဈေးပြိုင်စနစ်တင်သွင်းရန် ကြေငြာခြင်း

Posted on May 19, 2026May 19, 2026 by admin

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဆိုင်ခန်းငှားရမ်းခြင်းလုပ်ငန်းအတွက်ဈေးပြိုင်စနစ်တင်သွင်းရန် ကြေငြာခြင်း၁။    ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင်( ၁.၆.၂၀၂၆ မှ ၃၁.၃.၂၀၂၇ ) ရက်နေ့ထိ စားသောက်ဆိုင်ခန်း ဖွင့်လှစ်ရောင်းချရန်အတွက် ဈေးပြိုင်စနစ်ဖြင့် တင်သွင်းနိုင်ပါရန် ကြေငြာအပ်ပါသည်။၂။     လျှောက်လွှာများကို ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ငွေစာရင်းဌာန တွင်  လျှောက်လွှာတစ်စောင်လျှင် (-၂၀၀၀/-)ကျပ်နှုန်းဖြင့် ထုတ်ယူနိုင်ပါသည်။  လျှောက်လွှာများကို ( ၂၀.၅.၂၀၂၆ မှ ၂၆.၅.၂၀၂၅ ) ရက်နေ့ထိ   ငွေစာရင်းဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တင်သွင်းနိုင်ပါသည်။                                                                                  တင်ဒါကော်မတီ       …

သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ စွမ်း‌ဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ

Posted on May 8, 2026May 8, 2026 by admin

(၈.၅.၂၀၂၆)ရက်၊ ‌သောကြာနေ့၊ နံနက်(၉း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ စွမ်း‌ဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်‌အောင်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ စုစုပေါင်း(၈၃)ဦး တက်ရောက်ကြပါသည်။အဆိုပါအခမ်းအနား၌ ဒုတိယပါမောက္ခချုပ်၊ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားရာ၌ တက္ကသိုလ်၏ရည်မှန်းချက်ဖြစ်သော သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားစေရေးနှင့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်းကောင်း၊ ကျောင်းသားလူငယ်များ စိတ်ဓါတ်၊ စည်းကမ်း ကျန်းမာကြံ့ခိုင်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက်လည်းကောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် လျော်ညီသော သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူပစ္စည်းများ၊ နည်းပညာများအသုံးပြု၍ လေ့ကျင့်သင်ကြားပေး နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံ့အကျိုးပြု၊ ဒေသအကျိုးပြု၊ e-Government နှင့် MSME အထောက်အကူပြု Project များ ပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း၊ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာ လှပရေးနှင့်…

နှစ်သစ်ကူးအလှူဒါနပြုခြင်း

Posted on April 20, 2026April 20, 2026 by admin

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊ (၁၇.၄.၂၀၂၆)ရက်၊ သောကြာနေ့၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်းဝင်းအတွင်း၌ မန္တလေးကျောင်းတိုက်မှ ဆရာတော် သံဃာတော်(၅)ပါးအားပင့်ဖိတ်၍ နှစ်သစ်ကူးအလှူမင်္ဂလာ ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခြင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပြီး၊ ပင့်သံဃာတော်အရှင်သူမြတ်တို့အား ဆန်၊ ဆီ၊ ဆေး၊ ဆွမ်းဆန်စိမ်း စသည်များနှင့် ဝတ္ထုငွေ များအား ဒုတိယပါမောက္ခချုပ်၊ဒေါက်တာထွန်းမြတ်အောင်နှင့် ဆရာ၊ ဆရာမများ၊ စီမံဝန်ထမ်းများက ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ Please follow and like us:

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ

Posted on March 7, 2026March 7, 2026 by admin

        (၅.၃.၂၀၂၆) ရက်၊ ကြာသပတေးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် စားသုံးသူရေးရာဦးစီးဌာနက ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးက စားသုံးသူများအနေဖြင့် ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်သည့် Hotline No ကိုခေါ်ဆိုပြီး လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ဟင်္သာတခရိုင်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်(၆)ဦး၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်း များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၃၀၀)ခန့် တက်ရောက်ကြပါသည်။ အခမ်းအနားကို နံနက်(၁၁း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ Please follow and like us:

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း

Posted on March 7, 2026March 7, 2026 by admin

(၄.၃.၂၀၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးအရာရှိ ဒေါ်မေသန္တာ ဦးဆောင်သော အဖွဲ့ဝင်(၈)ဦးက ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမတွင် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း အင်အား (၁၀၀)ဦးအား ကိုဗစ်ကာကွယ်‌ဆေးကို လာရောက်ထိုးနှံပေးကြပါသည်။ Please follow and like us:

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ခံရသူ အမည်စာရင်းကြေညာခြင်း

Posted on February 26, 2026February 26, 2026 by admin

၁ပထမနှစ် (ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ)သင်တန်း-မနှင်းပွင့်ဖြူ (1CST-25)၂ဒုတိယနှစ် (ကွန်ပျူတာသိပ္ပံ)သင်တန်း-မထက်ဝေနှင်း (2CS-13) Please follow and like us:

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်

Posted on February 11, 2026February 11, 2026 by admin

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ထမနဲထိုး ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အား (၁၁.၂.၂၀၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၉း၃၀)အချိန်၌ ကျောင်းရှေ့မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုး ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အမှာစကားပြောကြားပြီး၊ သင်တန်းနှစ်အသီးသီး၌ ပညာသင်ကြားနေကြသော ကျောင်းသား၊ကျောင်းသူများက ထမနဲထိုးပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဌာနမှူးများက ဒိုင်များအဖြစ် အကဲဖြတ်ဆောင်ရွက်ခဲ့ကြပြီး၊ ပထမဆုကို ပထမနှစ်သင်တန်းမှလည်းကောင်း၊ ဒုတိယဆုကို ဒုတိယနှစ် သင်တန်းမှလည်းကောင်း၊ တတိယဆုကို တတိယနှစ်သင်တန်းမှလည်းကောင်း၊ အထူးဆုကို ပဉ္စမနှစ် သင်တန်းမှ လည်းကောင်း အသီးသီးရရှိခဲ့ကြပြီး၊ ဆုများကို ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တာဝန်ထမ်းဆောင်နေသော ကရင်တိုင်းရင်းသူ ဆရာမ ဒေါက်တာနော်ဝေဝေဆင်၊ ရှမ်းတိုင်းရင်းသူ ဆရာမ ဒေါက်တာသဲသဲစိုး၊ မွန်တိုင်းရင်းသူ ဆရာမ ဒေါ်ဝင်းသိင်္ဂီမြင့်၊ ရခိုင်တိုင်းရင်းသူ ဆရာမ ဒေါ်ခင်စမ်းဝေတို့က အသီးသီး…

“ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး” အသိပညာပေးဟောပြောပွဲ

Posted on January 29, 2026January 30, 2026 by admin

(၂၈.၁.၂၀၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ {ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး} အသိပညာပေးဟောပြောပွဲကို ‌ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင်၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး ဦးယဉ်မင်းသိုက်နှင့် အဖွဲ့ဝင်(၂)ဦး၊ ဟင်္သာတခရိုင်၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်အေးသက်ခိုင်နှင့် အဖွဲ့ဝင်(၂)ဦးတို့က လာရောက်ဟောပြောခဲ့ ကြပါသည်။အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားရာ တွင် နေ့စဉ်လူမှုဘဝတွင် လူတိုင်းသည် ယာဉ်နှင့်လမ်းအသုံးပြုသူများဖြစ်ကြပြီး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် မဖြစ်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိထားရန်လိုအပ်ပါကြောင်း၊ သို့မှသာ လမ်းပေါ်၌ အန္တရာယ်မဖြစ်အောင် အသိတရား၊ သတိတရားနှင့် သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ စည်းကမ်းရှိစွာ သွားလာနိုင်မည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် သေဆုံးမှု၊ ဒဏ်ရာ ရရှိမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က မွေးထုတ်ပေးလိုက်သော လူ့စွမ်းအားအရင်းအမြစ်များ…

Posts navigation

  • 1
  • 2
  • 3
  • 4
  • …
  • 14
  • Next

Recent News

  • ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း
  • အချိန်မီ ကျောင်းအပ်၊ကျောင်းတက်နိုင်ရန် ကြေငြာခြင်း
  • ဆိုင်ခန်းငှားရမ်းခြင်းလုပ်ငန်းအတွက်ဈေးပြိုင်စနစ်တင်သွင်းရန် ကြေငြာခြင်း
  • သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ စွမ်း‌ဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ
  • နှစ်သစ်ကူးအလှူဒါနပြုခြင်း
June 2026
M T W T F S S
« May    
1234567
891011121314
15161718192021
22232425262728
2930  

Contact Us

No.28, Kayin Kyaung Street,  TarNgar Se (South)Quarter, Hinthada Township, Ayeyarwaddy Region, Myanmar. Postcode – 100601

+95  044 22725, 09783543901

cu.hinthada@gmail.com

Like Us On Facebook

Facebook Pagelike Widget
©2026 University of Computer Studies, Hinthada