(၁၄.၇.၂၀၂၆)ရက်၊ အင်္ဂါနေ့၊ နေ့လယ်(၂း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲကျင်းပပြုလုပ်ရာ ဘာသာ စကား(အင်္ဂလိပ်စာ)ဌာနမှ တွဲဖက်ပါမောက္ခ၊ ဆရာမဒေါ်ဝင်းသိင်္ဂီမြင့်က မြန်မာ့ရိုးရာသနပ်ခါးအကြောင်း သိကောင်းစရာများဖြစ်သည့် မြန်မာ့သနပ်ခါးသမိုင်းအကြောင်း၊ သနပ်ခါးပင်အကြောင်း၊ သနပ်ခါးလိမ်းခြယ်မှု နှင့်မြန်မာ့ယဉ်ကျေးမှုဓလေ့အကြောင်း၊ သနပ်ခါးပင်၏အသုံးဝင်ပုံအကြောင်း စသည်တို့ကိုဟောပြောခဲ့ပြီး၊ သနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ပြီး၊ သနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ စုစုပေါင်း(၃၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ဆုရရှိသူများအား တာဝန်ရှိသူ အသီးသီးက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို ညနေ(၄း၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါ သည်။ Please follow and like us:
Month: July 2026
ကျန်းမာရေးအကြောင်း သိကောင်းစရာ ဟောပြောပွဲ
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောကို (၃.၇.၂၀၂၆) ရက်၊ သောကြာ နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တက္ကသိုလ်၏ဘွဲ့နှင်းသဘင်ခန်းမ၌ ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းအင်အား(၂၅၀)ခန့်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူး၊ ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့်အတူ ပြည်သူ့ကျန်းမာရေးဝန်ထမ်း (၄)ဦး တက်ရောက်ကြပါသည်။အဆိုပါအခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က “ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်မေသန္တာက “ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်အကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်လင်းလင်းမြတ်က “ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျန်းမာရေးသိကောင်းစရာများကို PowerPoint Slide များဖြင့် အသေးစိတ် ပြည့်ပြည့်စုံစုံရှင်းလင်းဟောပြောပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များ…
