(၁၈.၆.၂၀၂၆)ရက်၊ ကြာသပတေးနေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဒုတိယ ပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် စားသုံးသူ ရေးရာဦးစီးဌာနက ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒုခရိုင်ဦးစီးမှူး၊ ဦးမောင်မောင်မြတ်ခိုင်က စားသုံးသူများအနေဖြင့် ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်သည့် Hotline No ကိုခေါ်ဆိုပြီး လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ဟင်္သာတခရိုင်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်(၅)ဦး၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၂၅၀)ခန့် တက်ရောက်ကြပါသည်။ အခမ်းအနားကို ညနေ(၃း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ ပါသည်။





