(၂၃.၆.၂၀၂၆) ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ International Girls in ICT Day အထိမ်းအမှတ် Project ပြိုင်ပွဲကျင်းပပြုလုပ်ရာ ဒုတိယ ပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာမိန်းကလေး များနေ့အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံသာမက နိုင်ငံတကာတွင် ပြုလုပ်လျှက်ရှိကြပြီး၊ ICT ကဏ္ဍတွင် မိန်းကလေးများ၏စွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ ယခုအခမ်းအနား ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီးနောက်၊ ပြိုင်ပွဲဝင်မိန်းကလေးအသင်း(၃)သင်းက ၎င်းတို့ပြုလုပ်ထားသော Project များကို ရှင်းလင်းပြောကြား၍ ပထမဆုရရှိသူ Semester IV ကွန်ပျူတာသိပ္ပံသင်တန်းမှ မထက်ဝေနှင်းကို ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်ကလည်းကောင်း၊ ဒုတိယဆုရရှိသူ Semester IV ကွန်ပျူတာ သိပ္ပံသင်တန်းမှ မဆူးပိုင်ခင်၊ မနှင်းသဇင်မြင့်၊ မအေးမြတ်မြတ်သူတို့ကို ကွန်ပျူတာစနစ်နှင့်နည်းပညာမဟာဌာနမှ…
Month: June 2026
စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ
(၁၈.၆.၂၀၂၆)ရက်၊ ကြာသပတေးနေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဒုတိယ ပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် စားသုံးသူ ရေးရာဦးစီးဌာနက ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒုခရိုင်ဦးစီးမှူး၊ ဦးမောင်မောင်မြတ်ခိုင်က စားသုံးသူများအနေဖြင့် ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်သည့် Hotline No ကိုခေါ်ဆိုပြီး လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ဟင်္သာတခရိုင်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်(၅)ဦး၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၂၅၀)ခန့် တက်ရောက်ကြပါသည်။ အခမ်းအနားကို ညနေ(၃း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ ပါသည်။ Please follow and like us:
“Online လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း သိကောင်းစရာများ” အသိပညာပေးဟောပြောပွဲ
(၁၆.၆.၂၀၂၆)ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌ “Online လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း သိကောင်းစရာများ” အသိ ပညာပေးဟောပြောပွဲကိုဆောင်ရွက်ရာ၊ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏အနာဂါတ်အတွက် အားထားရသော သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်စေ ရန်ရည်ရွယ်၍ ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်းပြောကြားပြီး၊ ရဲအုပ်လွှမ်းမိုးထွန်းက “လူကုန်ကူးမှု အန္တရာယ်အကြောင်းသိကောင်းစရာများ”ကိုလည်းကောင်း၊ ရဲမှူးသန်းကျော်ဌေးက “Online လိမ်လည်မှုနှင့် မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ” နှင့် ဒုတိယရဲမှူးကြီး ဇော်မျိုးဝင်းက “မှုခင်းအသိပညာပေးခြင်း အကြောင်းသိကောင်းစရာများ”ကို ပြည့်ပြည့်စုံစုံရှင်းလင်းဟောပြောပြီး၊ အသိပညာပေး လက်ကမ်းစာစောင်များကို လည်းဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်း အင်အားစုစုပေါင်း(၂၇၀)ဦးခန့် တက်ရောက်ပြီး၊ နေ့လယ်(၁၂း၃၀)အချိန်တွင် ပြီးစီးခဲ့ပါသည်။ Please…
Biometric Smart Card များပြုလုပ်ပေးခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ များနှင့် ဝန်ထမ်းများအား Biometric Smart Card များပြုလုပ်ပေးနိုင်ရန်အတွက် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ဟင်္သာတခရိုင်၊ လူဝင်မှုကြီးကြပ်ရေး ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဝင်းနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ၊ (၁၁.၆.၂၀၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၊ ရှင်းလင်းဆောင်၌ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်(၂)ဦးသည် ကျောင်းသား၊ ကျောင်းသူများ နှင့်ဝန်ထမ်းများ၊ စုစုပေါင်း(၄၉)ဦးအား Biometric Smart Card များ နေ့ချင်းလာရောက်ဆောင်ရွက်ပြုလုပ် ပေးခဲ့ကြပါသည်။ Please follow and like us:
ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ များနှင့် ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ဟင်္သာတခရိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ (၁၀.၆.၂၀၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဟင်္သာတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါ်မေသန္တာဦးဆောင်သော အဖွဲ့ဝင်(၈)ဦးက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံပေးပြီး၊ ကျောင်းဝင်းအတွင်း၌ မိုးရာသီသွေးလွန် တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေကန်များ၊ ရေမြောင်းများ၌ အဘိတ်ဆေးခတ်ခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လာရောက်ဆောင်ရွက်ပေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်း(၅၀)ဦး လာရောက်ကာကွယ်ဆေးထိုးနှံကြပါသည်။ Please follow and like us:
