ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခမ်းမတွင် (၆.၈.၂၀၂၆) ရက်နေ့၊နံနက်(၁၀း၀၀)နာရီ အချိန်၌ တက္ကသိုလ်တွင်တက်ရောက်ပညာသင်ကြားနေသော လေးမျက်နှာမြို့နယ်၊ ရေဘေးသင့်ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ကြေးများကို ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ဌာနမှူးဆရာ၊ ဆရာများကပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ကျောင်းသား၊ ကျောင်းသူ(၁၄)ဦးတို့အား တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ၎င်းအပြင် (၇.၈.၂၀၂၆)ရက် နေ့၊ နံနက်(၈း၀၀)နာရီအချိန်တွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်မှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများသည် လေးမျက်နှာမြို့နယ်၊ ညောင်ပင်ဝဲကျေးရွာသို့ သွားရောက်၍ ရေဘေးသင့် ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် (၄၅၅၀၀)ကျပ်ဖြင့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများကို အိမ်ထောင်စု(၁၀၀)အတွက် လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ညောင်ပင်ဝဲကျေးရွာ ဘုန်းကြီး ကျောင်းသို့ ဆက်သွယ်သွားရောက်ပြီး၊ ရေဘေးသင့်ပြည်သူများရှေ့မှောက်မှကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ် ခဲ့ရာ ရေဘေးသင့်ပြည်သူများကလည်း သာဓုအနုမောဒနာ ခေါ်ဆိုကြပါသည်။ ထို့အပြင်…
Month: August 2026
မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးဖူဆယ်ဘောလုံး ပြိုင်ပွဲကို (၂၇.၇.၂၀၂၆)ရက်နေ့တွင် ဟင်္သာတမြို့၊ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပ ရာအမျိုးသားဘောလုံးအသင်း(၅)သင်းနှင့် အမျိုးသမီးဘောလုံးအသင်း(၅)သင်းတို့က ပါမောက္ခ/ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများအားချီတက်အလေးပြုကြပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းများအား ကျောင်းသား၊ ကျောင်းသူလေးများက ပန်းစည်းဆက်သကြပါသည်။(၃.၈.၂၀၂၆)ရက်၊ တနင်္လာနေ့၊ ညနေ(၃း၀၀)အချိန်တွင် ဟင်္သာတမြို့၊ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ကျေးဇူးတင် အမှာစကားပြောကြားပြီး ဆုရအသင်းများအား ဆုချီးမြှင့်ရာတွင် နှစ်သိမ့်ဆုရရှိသော Phoenix(FC)နှင့် Unique(FC) အမျိုးသမီးဖူဆယ် ဘောလုံးအသင်းကို ဘာသာစကားဌာန(အင်္ဂလိပ်စာ)ဌာနမှ ဒေါ်ဝင်းသိင်္ဂီမြင့်၊ တွဲဖက်ပါမောက္ခနှင့် တွက်ချက်ရေးမဟာဌာနမှ ဒေါ်ခိုင်ကြည်ဇာဆွေ၊ ကထိက တို့ကလည်းကောင်း၊ တတိယဆု ရရှိသော Cyber(FC) အမျိုးသမီးဖူဆယ်ဘောလုံးအသင်းကို ကွန်ပျူတာစနစ်နှင့်နည်းပညာ မဟာဌာနမှ ပါမောက္ခ / ဌာနမှူး ဒေါက်တာခင်ကြူကြူ ကလည်းကောင်း၊ ဒုတိယဆုရရှိသော…
စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်း
(၂.၈.၂၀၂၆)ရက်၊ တနင်္ဂနွေနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကို ကျင်းပရာ မန္တလေးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ကြီးမှူး ၍ သံဃာတော်အရှင်သူမြတ်(၅)ပါးတို့အား ပင့်ဆောင်၍ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ဝါဆိုသင်္ကန်း၊ ထီး၊ ဖိနပ်၊ ဆွမ်းဆန်စိမ်း၊ ဆီ၊ ဝတ္ထုငွေအစုစုအား ဆက်ကပ်လှူဒါန်းပူဇော်ကန်တော့ပြီး ပရိတ်တရားတော်နာကြား၍ ရေစက်ချအမျှပေးဝေကာ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းတော်နှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ အလှူမင်္ဂလာပွဲသို့ ကြွရောက်လာသော ဝန်ထမ်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတို့အား ထမင်း၊ ဟင်း၊ အချိုပွဲများနှင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။ Please follow and like us:
