University of Computer Studies, Hinthada
Menu
  • Home
    • About Us
    • Organization Chart
    • Campus Facilities
      • Laboratories
      • Library
      • Sports
      • Traditional Events
      • Supporting
    • Academic
      • Admission
        • Admission Requirements
        • Academic Calendar
        • Admission Fees
        • Academic Credit Unit
      • courses & Syllabuses
        • 5 years Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • 4 Year Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • D.C.Sc
      • Academic Calendar
        • 2026-2027
      • Moodle Learning Management System
  • Faculities & Staff
    • Vice Rector
    • Academic
      • Faculty of Computer Science
      • Faculty of Computer Systems and Technologies
      • Faculty of Information Science
      • Faculty of Computing
      • Department of Information Technology Supporting and Maintenance
      • Department of Language
      • Department of Natural Science
    • Administration
      • Department of Student Affairs
      • Department of Staff Affairs
      • Department of Finance
  • University Journal
    • Home
    • Journal Publication
      • 2024 Vol. 1
      • 2025 Vol. 2
      • 2026 VOL.3
  • Research
    • Pest and Diseases Detection System
  • e-service
    • Grading Information System
    • Class Timetable System
    • Student Information System
    • DIGITAL CATALOGUE SYSTEM
    • STUDENT FEEDBACK SYSTEM
    • ALUMNI NETWORK SYSTEM
  • News & Activities
    • News
    • Activities
    • Donation
  • Contact
    • Contact us
    • Alumni
    • FAQs
Menu

ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား

Posted on December 30, 2025December 31, 2025 by admin

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲကို (၂၄.၁၂.၂၀၂၅) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောြကားပြီး ပထမနှစ်၊ ကွန်ပျူတာသိပ္ပံနှင့်နည်းပညာသင်တန်းကို အမှတ် အများဆုံးဖြင့်ဝင်ခွင့်ရရှိသော ကျောင်းသူမနှင်းမွန်ကျော်(1CST-1)အား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းကို အမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မဖြိုးမြတ် သူဇာ(2CS-1)ကို သင်တန်းမှူး ဒေါ်ဝင်းမာစိုး(ကထိက)ကလည်းကောင်း၊ ဒုတိယနှစ်၊ ကွန်ပျူတာနည်းပညာ သင်တန်းကို အမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မအေးပြည့်ပြည့်သူ(2CT-1)ကို သင်တန်းမှူး ဒေါ်ယဉ်မာသန်း(တွဲဖက်ပါမောက္ခ)ကလည်းကောင်း၊ တတိယနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းကို အမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မသဲစုစံ(3CS-1)ကို သင်တန်းမှူး ဒေါ်ခိုင်ကြည်ဇာဆွေ (ကထိက)ကလည်းကောင်း၊ တတိယနှစ်၊ ကွန်ပျူတာနည်းပညာသင်တန်းကို အမှတ်အများဆုံးဖြင့် တက်ရောက် ခွင့်ရရှိသော ကျောင်းသူ မသင်းအိစံ(3CT-1)ကို သင်တန်းမှူး ဒေါ်ခင်မြတ်ဇော်(ကထိက)ကလည်းကောင်း၊ စတုတ္ထနှစ်(ပထမနှစ်ဝက်) ကွန်ပျူတာသိပ္ပံသင်တန်းကို အမှတ်အများဆုံးဖြင့်တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မခင်သက်ထားနွယ်(4CS-1)ကို သင်တန်းမှူး ဒေါ်ခင်စမ်းဝေ(တွဲဖက်ပါမောက္ခ)ကလည်းကောင်း၊ စတုတ္ထနှစ် (ပထမနှစ်ဝက်) ကွန်ပျူတာနည်းပညာသင်တန်းကို အမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မသူဇာဖြိုး(4CT-1)ကို သင်တန်းမှူး ဒေါ်သီတာစိုး(တွဲဖက်ပါမောက္ခ)ကလည်းကောင်း၊ စတုတ္ထနှစ် (ဒုတိယ နှစ်ဝက်) ကွန်ပျူတာသိပ္ပံသင်တန်းကို အမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မခင်သန္တာထက် (4CS1-1)ကို သင်တန်းမှူး ဒေါက်တာသီတာဝင်း (တွဲဖက်ပါမောက္ခ)ကလည်းကောင်း၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကွန်ပျူတာနည်းပညာသင်တန်းကို အမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မအိကလျာမိုး (4CT1-1)ကို သင်တန်းမှူး ဒေါ်စိုးစိုးမွန် (တွဲဖက်ပါမောက္ခ)ကလည်းကောင်း၊ ပဉ္စမနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်း ကိုအမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မဟေမာန်ခက်ဝေ(5CS-1)ကို သင်တန်းမှူး ဒေါ်ခိုင်သဇင်နွယ်(တွဲဖက်ပါမောက္ခ)ကလည်းကောင်း၊ ပဉ္စမနှစ်၊ ကွန်ပျူတာနည်းပညာသင်တန်းကို အမှတ်အများ ဆုံးဖြင့် တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မနှင်းစုလှိုင်(5CT-1)ကို သင်တန်းမှူး ဒေါ်အေးမြတ်မွန် (ကထိက) ကလည်းကောင်း၊ အသီးသီး ဆုများကိုချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆောင်းရာသီအားကစားပြိုင်ပွဲ၊ အမျိုးသမီးဘောလီဘော အားကစားပြိုင်ပွဲတွင် ဒုတိယဆုရရှိသော စတုတ္ထနှစ်အသင်းအား (ဌာနမှူး)၊ ဒေါ်မျိုးမျိုးခင်၊ တွဲဖက်ပါမောက္ခက လည်းကောင်း၊ ပထမဆုရရှိသော ဒုတိယနှစ်အသင်းအား ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာနော်ဝေဝေဆင်က လည်းကောင်း၊ စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဒုတိယနှစ်သင်တန်းမှ မောင်စည်သူ ဝင်းကို ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဦးဝင်းမြတ်ထွဋ်ကလည်းကောင်း၊ ပထမဆုရရှိသော ပဉ္စမနှစ်သင်တန်းမှ မောင်မင်းမြတ်သွေးကို (ဌာနမှူး)၊ ဒေါက်တာအိအိမွန်၊ တွဲဖက်ပါမောက္ခကလည်းကောင်း၊ အမျိုးသားစစ်တုရင် အားကစားပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ပဉ္စမနှစ်သင်တန်းမှ မောင်အေးချမ်းမောင်ကို ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာသဲသဲထွေးကလည်းကောင်း၊ ပထမဆုရရှိသော စတုတ္ထနှစ်သင်တန်းမှ မောင်လပြည့်ဝန်းကို ပါမောက္ခ (ဌာနမှူး)၊ ဒေါက်တာခင်ကြူကြူကလည်းကောင်း၊ အမျိုးသမီးစစ်တုရင်အားကစားပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ပထမနှစ်သင်တန်းမှ မမြတ်သန္တာအောင်ကို (ဌာနမှူး)၊ ဒေါ်ဝင်းသိင်္ဂီမြင့်၊ တွဲဖက်ပါမောက္ခကလည်းကောင်း၊ ပထမဆုရရှိသော စတုတ္ထနှစ်သင်တန်းမှ မလင်းလက်မြတ်ကို သင်တန်းရေးရာဌာန(ဌာနမှူး)၊ ဒေါ်စန်းစန်းမြတ်က လည်းကောင်း၊ ခြင်းလုံးအားကစားပြိုင်ပွဲ တတိယဆုရရှိသော တတိယနှစ်အသင်းအား ဦးထက်ဝေလွင်၊ ကထိက ကလည်းကောင်း၊ ဒုတိယဆုရရှိသော ဒုတိယနှစ်အသင်းအား ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာသဲသဲစိုးက လည်းကောင်း၊ ပထမဆုရရှိသော စတုတ္ထနှစ်(ပထမနှစ်ဝက်)အသင်းအား ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်‌အောင်ကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါသည်။


ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက အကဗဒေသာများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက ရွေးချယ်ထားသော ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ King မောင်ကိုကိုလွင်၊ Queen မစမ်းစန္ဒာမျိုးရည်အား ဒုတိယပါမောက္ခချုပ်က စလွယ်နှင့် Crown အား ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ Prince စဒွန်းသစ္စ၊ Princes မသူဇာလွင်အား ပါမောက္ခ၊ ဒေါက်တာ သဲသဲစိုးက စလွယ်နှင့် Crown အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အတူတကွ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး၊ အခမ်းအနားကို ညနေ(၄း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

Please follow and like us:

Recent News

  • Project Workshop
  • ရေဘေးအလှူ
  • မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ
  • စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်း
  • မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲ
  • ကျန်းမာရေးအကြောင်း သိကောင်းစရာ ဟောပြောပွဲ
  • International Girls in ICT Day အထိမ်းအမှတ် Project ပြိုင်ပွဲ
  • စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ
  • “Online လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း သိကောင်းစရာများ” အသိပညာပေးဟောပြောပွဲ
  • Biometric Smart Card များပြုလုပ်ပေးခြင်း
  • ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း
  • အချိန်မီ ကျောင်းအပ်၊ကျောင်းတက်နိုင်ရန် ကြေငြာခြင်း
  • ဆိုင်ခန်းငှားရမ်းခြင်းလုပ်ငန်းအတွက်ဈေးပြိုင်စနစ်တင်သွင်းရန် ကြေငြာခြင်း
  • သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ စွမ်း‌ဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ
  • နှစ်သစ်ကူးအလှူဒါနပြုခြင်း
  • စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ
  • ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း
  • ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ခံရသူ အမည်စာရင်းကြေညာခြင်း
  • (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်
  • “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး” အသိပညာပေးဟောပြောပွဲ
September 2026
M T W T F S S
« Aug    
 123456
78910111213
14151617181920
21222324252627
282930  

Contact Us

No.28, Kayin Kyaung Street,  TarNgar Se (South)Quarter, Hinthada Township, Ayeyarwaddy Region, Myanmar.

Postcode – 10061

+959783543901

cu.hinthada@gmail.com

Like Us On Facebook

Facebook Pagelike Widget
©2026 University of Computer Studies, Hinthada