မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊ (၁၇.၄.၂၀၂၅)ရက်၊ ကြာသပတေးနေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်းဝင်းအတွင်း၌ မန္တလေးကျောင်းတိုက်မှ ဆရာတော်သံဃာတော်(၅)ပါးအားပင့်ဖိတ်၍ နှစ်သစ်ကူးအလှူမင်္ဂလာပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ပင့်သံဃာတော်အရှင်သူမြတ်တို့အား ဆန်၊ ဆီ၊ ဆေး၊ ဆွမ်းဆန်စိမ်း စသည်များ နှင့် ဝတ္ထုငွေများအား ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ဆရာ၊ ဆရာမများ၊ စီမံ ဝန်ထမ်း များက ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
(၂၈.၄.၂၀၂၅)ရက်၊ တနင်္လာနေ့၊ ညနေ(၅း၃၀)အချိန်တွင် ဟင်္သာတမြို့၊ ဦးပါရဲစေတီတော်မြတ်ကြီး၌ ဟင်္သာတမြို့နယ်အတွင်းရှိ ကျောင်းထိုင်ဆရာတော်ကြီး(၄၅)ပါးက ငလျင်ဘေးဒဏ်ကြောင့် ကွယ်လွန်အနိစ္စ ရောက်ကြသော ရဟန်းရှင်လူပြည်သူများအတွက် တစ်လပြည့်အထိမ်းအမှတ်အဖြစ် ရည်စူး၍ပြုလုပ်သည့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင် က နှစ်သစ်ကူးအလှူအဖြစ် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
(၁၁.၅.၂၀၂၅)ရက်၊ ကဆုန်လပြည့်၊ တနင်္ဂနွေနေ့ နံနက်(၇း၃၀)အချိန်တွင် ဟင်္သာတမြို့၊ ပဉ္စမုခမာရဇိန် ငါးမျက်နှာစေတီတော်ကြီး၌ ဟင်္သာတခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဆွမ်းဆန်တော် လောင်းလှူပွဲသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)အနေဖြင့် ဆရာ၊ ဆရာမများနှင့် စီမံရေးရာဝန်ထမ်းများမှ လှူဒါန်းထားသော ငွေကျပ်တန်ဖိုး (၂၅၅၀၀၀)ရှိသော ဆွမ်းဆန်စိမ်းဆန်(၃)အိတ်အား သံဃာတော်အရှင်သူ မြတ်များနှင့် သီလရှင် စုစုပေါင်း (၃၇၈)ပါးတို့အား ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ဝန်ထမ်းများမှ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။







