ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကျောင်းသား၊ ကျောင်းသူ များ၏ အာစရိယပူဇော်ပွဲအခမ်းအနားကို (၁၄.၉.၂၀၂၆) ရက်၊ တနင်္လာနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပဆောင်ရွက်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပါသည်။အခမ်းအနားတွင် ရှေးဦးစွာကျောင်းသူတစ်ဦးက မြတ်ဆရာသီချင်းဖြင့်သီဆို၍လည်းကောင်း၊ ဗုဒ္ဓပူဇနိယ သီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများက ဆီမီးထွန်းညှိပူဇော်အကဖြင့်လည်းကောင်း၊ ဧည့်ခံဖျော်ဖြေခဲ့ပါ သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများကိုယ်စား တစ်ဦးကဦးဆောင်၍ ဆရာ/ဆရာမများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ဆရာ/ဆရာများအား ကန်တော့ ပစ္စည်းများဖြင့် ပေးအပ်ကန်တော့ခဲ့ကြသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ဌာနမှူး/ ပါမောက္ခများက ဆုံးမဆုတောင်းစကားများမြွက်ကြားပြီးနောက်၊ ကျောင်းသား၊ကျောင်းသူလေးများက ၎င်းတို့၏ Senior နောက်ဆုံးနှစ် ကျောင်းသား၊…
Month: September 2026
ICT Project ပြိုင်ပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ICT Project ပြိုင်ပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနား ပြုလုပ်သည်။အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ပါမောက္ခ/ ဌာနမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဟင်္သာတမြို့၊ ဓမ္မဗိမာန်ကျောင်းတိုက် ဆရာတော် အရှင်ဉာဏာလင်္ကာရနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနား၌ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ICT Project ပြိုင်ပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ၏ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးနိုင်မှုစွမ်းအားကို မြှင့်တင်ပေးရန်၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများကို စိတ်ပါဝင်စားလာစေရန်နှင့်…
Project Workshop
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ပညာသင်ကြားနေသော နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများက လုပ်ငန်းခွင် Internship သွားရောက်ပြီး၊ ရရှိလာသော လုပ်ငန်းခွင်အတွေ့အကြုံ များအပေါ်မှာအခြေခံ၍ ပြုလုပ်ထားသော Project များအားပိုမို၍အရည် အသွေးကောင်းမွန်သော၊ စံချိန်စံညွှန်းနှင့် ကိုက်ညီသော၊ လက်တွေ့အသုံးဝင်သော၊ ဒေသအကျိုးပြု၊ နိုင်ငံ့အကျိုးပြု၊ e-Government အထောက်အကူပြု၊ MSME အထောက်အကူပြု Project ကောင်းများပေါ်ထွန်းလာရန် ရည်ရွယ်ချက်ဖြင့် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်အောင်ကဦးဆောင်၍ တက္ကသိုလ်ပညာရေးအဖွဲ့များဖြင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသော Project များကို (၅.၈.၂၀၂၆) ရက်နေ့မှ (၂၇.၈.၂၀၂၆) ရက်နေ့အထိ နေ့စဉ်နံနက်(၉း၀၀)နာရီမှ ညနေ(၅း၀၀)နာရီအထိ Project စုစုပေါင်း(၃၉)ခုကိုပြီးမြောက်အောင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ Please follow and like us:
