ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို (၁၂.၁.၂၀၂၅) ရက်နေ့တွင် နံနက်ပိုင်းအခမ်းအနားကို နံနက်(၉း၀၀)နာရီတွင်လည်းကောင်း၊ ညနေပိုင်းအခမ်းအနားကို မွန်းလွဲ (၁း၀၀)နာရီတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူ ဘွဲ့ရမောင်မယ်၊ စုစုပေါင်း(၈၁)ဦးအား ဘွဲ့များအသီးသီးအပ်နှင်းချီးမြှင့်ခဲ့သည်။ အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်နှင့်တကွ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဘွဲ့ရမောင်မယ်များ နှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ခဲ့ပြီး၊ ဟင်္သာတစိန်စိုးမင်း ဆိုင်းအဖွဲ့ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ စတုတ္ထနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ ကျောင်းသူ မသက်စုလှိုင်က (မြတ်ဆရာ) သီချင်းဖြင့်လည်းကောင်း၊ စတုတ္ထနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ ကျောင်းသူ မအေးမြတ်သန္တာက (တက္ကသိုလ်ကျောင်းကငွေလမင်း) သီချင်းဖြင့်လည်းကောင်း၊ တတိယနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ ကျောင်းသား မောင်ကျော်သူထက်က (မြကျွန်းညိုညို) သီချင်းဖြင့်လည်းကောင်း ဧည့်သည်တော်များအား သီဆို ဖျော်ဖြေခဲ့သည်။ တတိယနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ ကျောင်းသူ မခြူးသဉ္ဇာဟန်က ဘွဲ့နှင်းသဘင် အခမ်း အနားကို ပန်းအလှ ပြင်ဆင်ပေးခဲ့ပါသည်။















