(၂၄.၁၂.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့၊ နေ့လယ်(၁း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားပြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှူး၊ ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းကိုလည်းကောင်း၊ ဒုတိယခရိုင်မှူး၊ ဦးမောင်မောင်မြတ် ခိုင်က AI နည်းပညာ၏ အကျိုးဆက်ကြောင့် သုံးစွဲသူများအပေါ် ရရှိနိုင်မည့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးများကို လည်းကောင်း အသိပညာပေးဟောပြောပို့ချခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ယင်းနေ့ညနေ (၃း၄၅)အချိန်တွင် ရုတ်သိမ်းခဲ့ပြီး ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ပါသည်။ Please follow and like us:
Month: December 2024
ဘာသာရပ်ဆိုင်ရာမိတ်ဆက်ပွဲ အခမ်းအနားကျင်းပခြင်း
(၃.၁၂.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့၊ နေ့လယ်(၁း၀၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာမိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ပထမနှစ်ဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်မိတ်ဆက် အမှာစကားပြောကြားပြီး၊ သင်ကြားရေးဌာနမှူးအသီးသီးက ၎င်းတို့ဌာနမှ သင်ကြားရသော ဘာသာရပ်များနှင့် အသုံးဝင်မှု၊ ရည်ရွယ်ချက်များ၊ သင်ကြားရေးနှင့် Learning Assessment ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းရေးရာဌာနမှူးက တက္ကသိုလ်၏ Rules and Regulations များကို ပြောကြားခဲ့ပါ သည်။ အဆိုပါအခမ်းအနားကို ညနေ(၄း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ Please follow and like us:
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း၁။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံဘွဲ့(B.C.Sc.) သင်တန်းနှင့် ကွန်ပျူတာနည်းပညာဘွဲ့(B.C.Tech.)သင်တန်း စာမေးပွဲအောင်မြင်သူများအတွက် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် (၁၁-၁-၂၀၂၅)ရက်၊ (စနေနေ့) အစမ်းလေ့ကျင့်ပွဲနှင့် (၁၂-၁-၂၀၂၅)ရက်၊ (တနင်္ဂနွေနေ့)တွင် ဘွဲ့နှင်းသဘင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။၂။ ဘွဲ့နှင်းသဘင်လျှောက်လွှာ လျှောက်ထားလိုသူများသည် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) တွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် (၃)လအတွင်း ရိုက်ကူးထားသော (၁ ၁/၂” x ၂”) အရွယ် ဓါတ်ပုံ(၃)ပုံ ပူးတွဲ၍ ဘွဲ့နှင်းသဘင်တက်ရောက်ရန် (သို့မဟုတ်)…