(၂၄.၁၂.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့၊ နေ့လယ်(၁း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားပြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှူး၊ ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းကိုလည်းကောင်း၊ ဒုတိယခရိုင်မှူး၊ ဦးမောင်မောင်မြတ် ခိုင်က AI နည်းပညာ၏ အကျိုးဆက်ကြောင့် သုံးစွဲသူများအပေါ် ရရှိနိုင်မည့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးများကို လည်းကောင်း အသိပညာပေးဟောပြောပို့ချခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ယင်းနေ့ညနေ (၃း၄၅)အချိန်တွင် ရုတ်သိမ်းခဲ့ပြီး ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ပါသည်။



Please follow and like us: