ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ (၅.၁.၂၀၂၄) သောကြာနေ့တွင် ကျင်းပပြုလုပ်သော Fresher Welcome နှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)သို့ ပထမနှစ်ဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူမောင်မယ်သစ်လွင်များအာ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ကို သက်ဆိုင်ရာသင်ကြားရေးဌာနမှူးများက ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့အပြင် သင်တန်းရေးရာဌာနမှူးက ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် ကျောင်းစည်းကမ်းများနှင့် စာမေးပွဲဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ထိုအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်နှင့် သင်ကြားရေးဌာနမှူးများ၊ သင်တန်းမှူးများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းနှစ်အလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုများကို လည်းကောင်း၊ (၇၆)နှစ် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ခဲ့သော အားကစား၊ စာစီစာကုံး၊ ကဗျာတို့၌ ဆုရရှိသူများအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၌ ဆုရရှိသူများအားလည်းကောင်း ဆရာ၊ ဆရာမများအား စွမ်းဆောင်ရည်ဆိုင်ရာ ဂုဏ်ပြုဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ စီနီယာ ကျောင်းသား(၁)ဦးက ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက် စကားပြောကြား၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် King နှင့် Queen ရွေးချယ်ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က Crownနှင့် စလွယ်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီး၊ အမှုတ်များဖြင့် ပျော်ရွှင်စွာကပြသီဆို ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့ပါသည်။
![IMG_2868](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2868-1024x682.jpg)
![IMG_2881](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2881-1024x682.jpg)
![IMG_2894](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2894-1024x682.jpg)
![IMG_2923](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2923-1024x682.jpg)
![IMG_2930](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2930-1024x682.jpg)
![IMG_2927](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2927-1024x682.jpg)
![IMG_2933](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2933-1024x682.jpg)
![IMG_2941](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2941-1024x682.jpg)
![IMG_2943](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2943-1024x682.jpg)
![IMG_2965](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2965-1024x682.jpg)
![IMG_2967](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2967-1024x682.jpg)
![IMG_2978](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2978-1024x682.jpg)
![IMG_2959](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2959-1024x682.jpg)
![IMG_2967](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_2967-1024x682.jpg)
![IMG_0312](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_0312-1024x576.jpg)
![IMG_0340](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_0340-1024x576.jpg)
![IMG_0332](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_0332-1024x576.jpg)
![IMG_0322](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_0322-1024x576.jpg)
![IMG_0352](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_0352-1024x576.jpg)
![IMG_0368](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_0368-1024x576.jpg)
![IMG_0416](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_0416-1024x576.jpg)
![IMG_0439](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_0439-1024x576.jpg)
![IMG_0362](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_0362-1-1024x576.jpg)
![IMG_0408](https://ucsh.edu.mm/wp-content/uploads/2024/01/IMG_0408-1-960x640.jpg)