(၂၅.၆.၂၀၂၅)ရက်၊ ဗုဒ္ဓဟူးနေ့၊ ညနေ(၂း၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးအရာရှိ ဒေါ်မေသန္တာ ဦးဆောင်သော အဖွဲ့ဝင်(၇)ဦးက ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမတွင်ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း အင်အား (၃၀၆)ဦးအား ကိုဗစ်ကာကွယ်ဆေးကို လာရောက်ထိုးနှံပေးကြပါသည်။ Please follow and like us:
Month: June 2025
အသက်နှင့် ကျန်းမာရေးအာမခံအကြောင်း ဆွေးနွေးပွဲကျင်းပခြင်း
(၂၉.၅.၂၀၂၅)ရက်၊ ကြာသပတေးနေ့၊ နံနက်(၁၀း၃၀) အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ ဟင်္သာတခရိုင်၊ မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင်ဦးစီးမှူး၊ ဦးဝင်းဌေးမောင်က နိုင်ငံ့ဝန်ထမ်းများအတွက် အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ သဘာဝဘေးအာမခံ၊ မော်တော်ယာဉ်အလုံးစုံအာမခံနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးအာမခံများထားရှိနိုင်ကြောင်း လာရောက်ဟောပြောဆွေးနွေးခဲ့ရာ ဆရာ၊ ဆရာမများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး အခမ်းအနားကို နံနက်(၁၁း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ Please follow and like us: