ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ပြည်သူ့ ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မာမာအေး ဦးဆောင်သော သူနာပြုဆရာမ(၅)ဦးသည် ကွန်ပျူ တာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် (၁၄.၁.၂၀၂၅)ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကိုဗစ်ကာကွယ်ဆေးကို လာရောက်ထိုးနှံပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦး ဆေးထိုးနှံခဲ့ကြ ပါသည်။
Please follow and like us: