ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တို့မှ ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်းသား၊ ကျောင်းသူများက ဆီမီးထွန်းညှိ ပူဇော်ခြင်းနှင့် ကျောင်းသားများကိုယ်စား တစ်ဦးက ဦးဆောင်၍ ဆရာ/ဆရာမများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ဆရာ/ဆရာများအား ကန်တော့ပစ္စည်းများဖြင့် ပေးအပ်ကန်တော့ခဲ့ကြသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာထွန်းမြတ်အောင်က ဆုပေး သြဝါဒနှင့် ဆုံးမစကားများပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာ ဆရာ/ဆရာမများက အသီးသီး ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ Please follow and…
Month: September 2025
ICT Project ပြပွဲ၊ပြိုင်ပွဲကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀) နာရီက အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဒုတိယ ပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်၊ နိုင်ငံ့အကျိုးပြု၊ ဒေသအကျိုးပြု၊ MSME အကျိုးပြု၊ ဌာနဆိုင်ရာ များအတွက် e-Government အထောက်အကူပြု ICT အခြေပြု Project များနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာစေရန်၊ ဒေသတွင်း ကျောင်းသားလူငယ်များ ICT နည်းပညာဗဟုသုတရရှိစေရန်နှင့် နိုင်ငံတော်၏…
မိုးရာသီဘောလုံးပွဲကျင်းပခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးဖူဆယ်ဘောလုံး ပြိုင်ပွဲကို (၂၈.၇.၂၀၂၅)ရက်နေ့တွင် ဟင်္သာတမြို့၊ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပ ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားပြီး ဘောလုံးကန်ဖွင့်လှစ် ပေးခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားဘောလုံးအသင်း(၄)သင်းနှင့် အမျိုးသမီးဘောလုံးအသင်း (၅)သင်းတို့က သြဝါဒစကားနာခံယူပြီး ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများအား ချီတက်အလေးပြုကြပြီး၊ ပြိုင်ဆိုင်မည့် ဘောလုံးအသင်းများအား ကျောင်းသား၊ ကျောင်းသူလေးများက ပန်းစည်း ဆက်ကြပါသည်။ (၁.၈.၂၀၂၅)ရက်၊ သောကြာနေ့၊ ညနေ(၃း၃၀)အချိန်တွင် ဟင်္သာတမြို့၊ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ နှစ်သိမ့်ဆုရရှိသော Phoenix(FC) အမျိုးသားဘောလုံးအသင်း ကို တွက်ချက်ရေးမဟာဌာနမှ ပါမောက္ခ/ ဌာနမှူး…