ဟင်္သာတခရိုင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို ဟင်္သာတမြို့ မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသားကျောင်းသူများကို ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု တတိယနှစ်ကျောင်းသူ မအေးမြတ်သန္တာ၊ ဒုတိယဆု ဒုတိယနှစ်ကျောင်းသူ မလင်းလက်မြတ်၊ တတိယဆု ပထမနှစ်ကျောင်းသူ မပြည့်ပြည့်ထွန်း တို့မှလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ပထမဆု တတိယနှစ်ကျောင်းသား မောင်မင်းဇေယျာအောင်၊ ဒုတိယဆု ဒုတိယနှစ်ကျောင်းသူ မလှိုင်လှိုင်မွန်၊ တတိယဆု ဒုတိယနှစ်ကျောင်းသား မောင်ထက်မြတ်စိုး တို့မှလည်းကောင်း၊ စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲတွင် ပထမဆု ပထမနှစ်ကျောင်းသား မောင်ဟိန်းမင်းသန့်၊ ဒုတိယဆု တတိယနှစ်ကျောင်းသား မောင်မင်းမြတ်သွေး၊ တတိယဆု စတုတ္ထနှစ်ကျောင်းသား မောင်ရှင်းဝေယံ တို့မှ လည်းကောင်း အသီးသီး ဆုရရှိခဲ့ကြပါသည်။
လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် တပါတည်းကျင်းပခဲ့ရာ ဟင်္သာတခရိုင် တက္ကသိုလ်ပေါင်းစုံမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လွန်ဆွဲပြိုင်ပွဲတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) အသင်းမှ ပထမဆု ဆွတ်ခူးရရှိခဲ့ပါသည်။
![viber_image_2024-01-04_10-31-53-009](https://ucsh.edu.mm/wp-content/uploads/2024/01/viber_image_2024-01-04_10-31-53-009-1024x766.jpg)
![viber_image_2024-01-04_10-31-53-141](https://ucsh.edu.mm/wp-content/uploads/2024/01/viber_image_2024-01-04_10-31-53-141-1024x766.jpg)
![viber_image_2024-01-04_10-31-53-259](https://ucsh.edu.mm/wp-content/uploads/2024/01/viber_image_2024-01-04_10-31-53-259-1024x766.jpg)
![viber_image_2024-01-04_10-31-53-196](https://ucsh.edu.mm/wp-content/uploads/2024/01/viber_image_2024-01-04_10-31-53-196-1024x766.jpg)
![viber_image_2024-01-04_10-31-53-075](https://ucsh.edu.mm/wp-content/uploads/2024/01/viber_image_2024-01-04_10-31-53-075-1024x766.jpg)
![viber_image_2024-01-04_13-31-59-877](https://ucsh.edu.mm/wp-content/uploads/2024/01/viber_image_2024-01-04_13-31-59-877-1024x576.jpg)
![viber_image_2024-01-04_13-31-59-815](https://ucsh.edu.mm/wp-content/uploads/2024/01/viber_image_2024-01-04_13-31-59-815-1024x576.jpg)
![viber_image_2024-01-04_10-29-32-605](https://ucsh.edu.mm/wp-content/uploads/2024/01/viber_image_2024-01-04_10-29-32-605-1024x576.jpg)