(၁၁.၁.၂၀၂၆)ရက်၊ တနင်္ဂနွေနေ့တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကိုကျင်းပရာ နံနက်ပိုင်းတွင် ကွန်ပျူတာသိပ္ပံဘွဲ့လွန် ဒီပလိုမာဘွဲ့ (D.C.Sc.)ရရှိသူ (၁၇)ဦးနှင့် ကွန်ပျူတာ သိပ္ပံဘွဲ့ (B.C.Sc.)ရရှိသူ (၃၇)ဦးကိုလည်းကောင်း၊ ညနေပိုင်းတွင် ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.)ရရှိသူ (၃၁)ဦးနှင့် ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.)ရရှိသူ (၁၂)ဦးတို့အား လည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ဘွဲ့များအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်နှင့် တက္ကသိုလ်ပညာရေးနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များနှင့်အတူ၊ သင်ကြားရေးပါမောက္ခ/ဌာနမှူးများ၊ သင်တန်းရေးရာဌာနမှူး ၊ (စီမံ/ ဘဏ္ဍာ) ဌာနမှူး၊ ဘွဲ့ယူသူမောင်မယ်များနှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ကြပါသည်။
အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကွန်ပျူတာသိပ္ပံဘွဲ့လွန်ဒီပလိုမာဘွဲ့ (D.C.Sc.)၊ ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.)၊ ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.)၊ စုစုပေါင်း ဘွဲ့ရမောင်မယ်(၉၅)ဦး တက်ရောက်ယူပြီး၊ (၂)ဦး အဝေးရောက်ယူခဲ့ပါသည်။ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဟင်္သာတစိန်စိုးမင်း ဆိုင်းအဖွဲ့ဖြင့်ဧည့်ခံ၍ ဘွဲ့ချီးမြှင့်မှု ထုံးတမ်းစဉ်လာအတိုင်း ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် တက္ကသိုလ်ပညာရေးနှင့်စီမံခန့်ခွဲရေး ကော်မတီဝင်များ ဘွဲ့ရမောင်မယ်များနှင့် အတူတကွ မှတ်တမ်းဓါတ်ပုံများရိုက်ကြပါသည်။
















