ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) ကျောင်းတွင် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဇွန်လ(၁)ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က အဆိုပါကျောင်းရွှေဝါထွန်း ခန်းမတွင်ကျင်း ပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)ကျောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင် က ဟော ပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး နောက် ခရိုင် ဆေးရုံ အုပ်ကြီး ဒေါက်တာ ဌေးဌေးလှိုင်က ကူးစက်တတ် သော ရောဂါများနှင့် မကူးစက်နိုင်သော ရောဂါ များအကြောင်း ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရန် ၊ မိုးရာသီ သွေးလွန် တုပ်ကွေးရောဂါ အကြောင်း ၊ ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါများ အကြောင်း ကိုလည်းကောင်း ၊ အရေပြားရောဂါ အထူးကု ဆရာဝန် ဒေါက်တာ ဇာနည်ထွန်းက လူတစ်ဦးအတွက် အရေးကြီးသောအာဟာရအကြောင်း၊ တစ် ကိုယ်ရေး သန့်ရှင်းအရေးကြီးပုံ အကြောင်းများ ၊ လုံခြုံစိတ်ချ ယနေ့လူနေမူ ဘဝများအကြောင်း များကိုအကျယ်တဝံ့ အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)၏ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဘာသာရပ် ဆိုင်ရာ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၅၀ ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်နား ထောင်ခဲ့ကြပါသည်။